နေထက်မိုးဇော် ရေးသည်
စာအုပ်အမည် – ရခိုင့်သယံဇာတကျိန်စာ အဆုံးသတ်တော့မှာလား
စာရေးဆရာ – နေထက်မိုးဇော်
ဖိုင်အမျိုးအစား – PDF Document
ဖိုင်ဆိုဒ် – 1.94 Mb
ထုတ်ဝေသည့် ရက်စွဲ – ၂၀၂၅ ဖေဖော်ဝါရီလ ( FUTUREROADS Study Group မှ ထုတ်ဝေသည် )
ရခိုင့်သယံဇာတကျိန်စာ အဆုံးသတ်တော့မှာလား
စာရေးသူ၏ အမှာစာ – ယခုရက်ပိုင်း၊ လပိုင်းများတွင် အာရက္ခတပ်တော်၊ TNLA တိုနှင့် စစ်ကောင်စီတို အပစ်အခတ်ရပ်စဲရေး သိုမဟုတ် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်မည်ဟု သတင်းများထွက်ပေါ်မှုရှိသကဲ့သို အာရက္ခတပ်တော်နှင့် TNLA တိုကလည်း နိုင်ငံရေးနည်းဖြင့် ဆွေးနွေးရန်အသင့်ရှိကြောင်း ထုတ်ပြန်ထားကြပြီးဖြစ်သည်။
သိုရာတွင် အာရက္ခတပ်တော်နှင့် ဆွေးနွေးပွဲတွင် MNDAA ၊ TNLA တိုထက်ပို၍ ကွဲပြားမှု၊ ရှုပ်ထွေးမှု များ ရှိမည်ဖြစ်သည်။ အာရက္ခတပ်တော်သည် ရခိုင်ပြည်တွင် လက်ရှိကျန်ရှိနေသည့် ရွှေသဘာဝဓာတ်ငွေ့နှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများရှိရာ ကျောက်ဖြူ၊ စစ်ကောင်စီ၏ ရခိုင်ပြည်မြိုတော်နှင့် အိန္ဒိယစီမံကိန်းရှိရာ စစ်တွေတိုကို တိုက်ခိုက်သိမ်းပိုက်ခြင်း၊ မြန်မာပြည်မြေပြန့် တိုင်း ၃ တိုင်းသို ထိုးစစ်အရှိန်မြှင့်ခြင်းနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခြင်းများသည် တစ်ခုနှင့်တစ်ခုဆက်နွှယ် အချိုးကျနေသည်ဖြစ်ရာ ယင်းတွင် ရခိုင့်သဘာသယံဇာတများနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများသည်လည်း အဓိကအခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်လျက်ရှိနေသည်။
ရခိုင်ပြည်သည် သဘာဝသယံဇာတနှင့်တကွ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးအရ မဟာဗျူဟာမြောက် သော ပထဝီဝင်အနေအထားကို ပိုင်ဆိုင်သော်လည်း မြန်မာတစ်ပြည်ထောင်စနစ်အောက်တွင် အရာခပ်သိမ်း ဆုံးရှုးခဲ့ရသည်။ ယခုအချိန်တွင် ရခိုင့်သယံဇာတများနှင့် အခြားစီမံကိန်းများဆိုင်ရာ ရသင့်ရထိုက်သော ရပိုင်ခွင့်များ ကို တရားဝင်ရရှိရန် လိုအပ်လာပြီဖြစ်သည်။
ဆွေးနွေးပွဲ အောင်မြင်ရန်လိုသကဲ့သို ဆွေးနွေးပွဲ၏ရလဒ်သည် ရခိုင်ပြည်သူများ၏ ပေးဆပ်စတေးခဲ့ရ ခြင်းများနှင့် ထိုက်တန်ရန်လည်း လိုမည်ဖြစ်သည်။ အထူးသဖြင့် ရခိုင့်သယံဇာတများနှင့် ပတ်သက်၍ ဆုံးရှုးနစ် နာခဲ့ရသည်များကို ပြန်လည်ရရှိနိုင်ပြီး ရခိုင့်သယံဇာတကျိန်စာကို အာရက္ခတပ်တော်က အဆုံးသတ်နိုင်လိမ့် မည်ဟု ယုံကြည်သည်။
သိုဖြစ်ရကား ဤစာတမ်းကို ရေးသားရာ၌ မြန်မာတစ်ပြည်ထောင်အစိုးရလက်အောက်တွင် သယံဇာ တ ရပိုင်ခွင့်များ အားလုံးဆုံးရှုးခဲ့ရသော ရခိုင်ပြည်သူများ၏ အကျိုးစီးပွားကိုရည်မျှော်၍ သယံဇာတကျိန်စာကို အဆုံးသတ်ရာ၌ အထောက်အပံ့တစ်စုံတစ်ရာဖြစ်နိုင်ရန် ရည်ရွယ်သည်။