About US

FUTUREROADS Study Group သည် လွတ်လပ်၍ ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော မြန်မာ့ အရေး လေ့လာသူများအုပ်စုဖြစ်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူများ၊ သုတေသီများ၊ သတင်းထောက်များ၊ အရပ်ဖက် တက်ကြွလှုပ်ရှားသူများဖြင့် ၂၀၂၄ ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့သည်။


ဒီမိုကရေစီစနစ် ရှင်သန် အားကောင်းပြီး တိုင်းရင်းသားအားလုံး နိုင်ငံအရေးအရ တန်းတူညီမျှမှုရှိသော မြန်မာဖက်ဒရယ် ပြည်ထောင်စု သစ် တည်ဆောက်ရေးနှင့် ကောင်းမွန်သည့်အုပ်ချုပ်မှုစနစ်ပေါ်ပေါက်ရေးကို ဦးတည်သည်။ လွတ်လပ်မှု၊ တန်း တူမှု၊ တရားဥပဒေစိုးမိုးမှု၊ ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြော်မြင်ဖော်ဆောင်နိုင်မည့် ခေါင်းဆောင်သစ် များ ထွက်ပေါ်လာရေးနှင့် သည်းခံဆင်ခြင်နိုင်မှုမြင့်မား၍ ဒီမိုကရက်တစ်တွေးခေါ်မှုများ အားကောင်းသည့် မြန်မာ့လူ့ဘောင်သစ်တစ်ရပ် ဖွံ့ဖြိုးလာရေးကိုလည်း ရည်ရွယ်သည်။

FUTUREROADS Study Group သည် မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ၊ ပြောင်းလဲမှုများ၊ အရွေ့များ၊ ၎င်းတို့ ၏ နောက်ခံအကြောင်းတရားများ၊ စေ့ဆော်မှုများနှင့် ဦးတည်မှုများကို ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင် စုသစ်ဖြစ်ပေါ်လာရေး ချဉ်းကပ်မှုရှုထောင့်မှနေ၍ လေ့လာမှု၊ သုတေသနပြုမှုနှင့် ခွဲခြမ်းစိတ်ဖြာမှုများကို လုပ် ဆောင်သည်။ မြန်မာ့

ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုသစ် တည်ဆောက်ရေးကို ပြည့်စုံအားကောင်းစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မူဝါဒ၊ ဥပဒေနှင့် အုပ်ချုပ်မှုစနစ်ဆိုင်ရာများကိုလည်း သုတေသနပြုခြင်း၊ ဆန်းစစ် ခွဲဖြာခြင်းတို့ကိုပြုသည်။


ဆက်သွယ်ရန်

This field is required.
This field is required.
This field is required.

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Categories

Related Posts