အာရက္ခအိပ်မက်များဆီသို့

စာအုပ်အမည် – အာရက္ခအိပ်မက်များဆီသို့

စာရေးဆရာ – နေထက်မိုးဇော်

ဖိုင်အမျိုးအစား – PDF Document

ဖိုင်ဆိုဒ် – 8 Mb

ထုတ်ဝေသည့် ရက်စွဲ – ၂၀၂၅ ဇန်နဝါရီလ ( FUTUREROADS Study Group မှ ထုတ်ဝေသည် )

စာရေးသူ၏ အမှာစာ – ဤစာတမ်းတွင် အပိုင်း နှစ်ပိုင်းပါရှိသည်။ ပထမပိုင်းသည် ရခိုင် အဟောင်း ဖြစ်ပြီး ရခိုင်တို့၏သမိုင်း ကြောင်း၊ ရခိုင့်အချုပ်အခြာအာဏာဆုံးရှုံးရခြင်း၊ ပြန်လည်ရရှိရန် ကြိုးပမ်းအားထုတ်ခဲ့ကြခြင်း၊ အမျိုးသားရေး လမ်းကြောင်းများ လွဲချော်နေခဲ့ခြင်း၊ အမျိုးသားရေးလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာခြင်းနှင့် အာ ရက္ခပြည်ကို ပြန်လည်သိမ်းပိုက်ခြင်း စသည်များကို လေ့လာတင်ပြမှုများ ပါဝင်သည်။ ဒုတိယပိုင်းသည် အာရက္ခ အသစ် ဖြစ်ပြီး အာရက္ခပြည်သစ်ကို ပြန်လည်တည်ဆောက်ခြင်းအတွက် လေ့လာအကြံပြုချက်များ ပါ ဝင်သည်။ အာရကန်ပြည်၊ ရခိုင်ပြည် ယခု အာရက္ခပြည်သည် နှစ်ပေါင်း ၂၄၀ တိုင်အောင် အချုပ်အခြာအာဏာ ဆုံးရှုံးကာ အာဏာရှင်အဆက်ဆက်၏ ဖိနှိပ်အုပ်စိုးမှုအောက်တွင် မိမိတို့၏အမျိုးသားရေးလက္ခဏာများ၊ ဂုဏ် သိက္ခာများနှင့် ရပိုင်ခွင့်များ ပျောက်ဆုံးခဲ့ရသည်။ ယခုအာရက္ခပြည်ကို အာရက္ခပြည်သားတို့ ပြန်လည် သိမ်းပိုက်နိုင်ပြီး လွတ်လပ်မှု၊ ညီမျှမှုနှင့် တရားမျှတမှုများပြည့်စုံသော အာရက္ခပြည်သစ်ကို ပြန်လည်တည် ဆောက်ကြရာတွင် တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ဤစာတမ်းကို ရေးသား ထုတ်ဝေလိုက်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Categories

Related Posts