စစ်ငြိမ်းမိုးဇံ ရေးသည်
ရိုးအီပြီး ဗမာ့နိုင်ငံရေးဆရာကြီးတွေနဲ့ ဗမာစစ်ခေါင်းဆောင်တွေ တစ်လှည့်စီ မင်းသားထွက်က နေတဲ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းဟာ ၂၀၂၄ ခုနှစ်မှာ ဇာတ်ကွက်အပြောင်းအလဲတွေ ထွက်ပေါ်လာခဲ့ပြီးဖြစ်တယ်။ ပြဇာတ်ဒါရိုက်တာတွေကတော့ သိပ်အပြောင်းအလဲမရှိဘူးလို့ ဆိုရပေမယ့် အဆိုးထဲက အကောင်းကို ကျွန်တော်တို့ ဘယ်လိုရယူနိုင်ကြမလဲဆိုတာ ဇာတ်ဆောင်တွေရဲ့ မြန်မာနိုင်ငံအပေါ် တကယ့်ခံယူချက်အစစ် အမှန်နဲ့ ရေရှည်ဘယ်လောက် မြော်မြင်နိုင်ကြသလဲဆိုတာအပေါ်မှာ မူတည်နေပါတယ်။
ဇာတ်လမ်းအစကို ပြန်လှန်ရရင် မြန်မာပြည်လွတ်လပ်ရေးရမယ်လုပ်တော့ ဗမာဖဆပလခေါင်းဆောင် တွေက ကျန်တဲ့တိုင်းရင်းသားတွေကို ပြည်ထောင်စုလုပ်ကြမယ်ဆိုပြီး စည်းရုံးဆော်ဩပါတယ်။ ဘယ်တိုင်း ရင်းသားတွေကမှ ဗမာခေါင်းဆောင်တွေကို ပေါင်းစည်းရအောင် အစပြုဆော်ဩတာ မတွေ့ရပါဘူး။ အဲဒီ နောက်တော့ အားလုံးသိတဲ့အတိုင်း ၁၉၄၇ အခြေခံဥပဒေမှာ ရခိုင်၊ မွန်၊ ချင်း တို့ကို ပြည်နယ်မပေးခဲ့ဘဲ ကရင်ကိုလည်း ကော်သူးလေ ဘာညာလုပ်တဲ့အပြင် ဗမာပြည်နယ်ဆိုတာမရှိဘဲ ဗမာပြည်မဆိုပြီးတော့ ရခိုင်၊ မွန်၊ ကရင်နယ်အချို့တွေကို ပေါင်းထည့်ကာ ပြည်ထောင်စုအစိုးရအမည်ခံ ဗဟိုအစိုးရအာဏာကို ရယူလိုက် တာက စပါတယ်။
ပြည်နယ်ပေးထားတဲ့ ရှမ်းတို့ ကချင်တို့ဆိုတာတွေလည်း ပြည်နယ်ဝန်ကြီးချုပ်ခန့်တာက အစ၊ ပြည်နယ်ဘတ်ဂျက်အလယ်၊ ပြည်နယ်က ဥပဒေပြုပိုင်ခွင့်နဲ့ စီမံခန့်ခွဲပိုင်ခွင့်တွေအဆုံး ဗမာပြည်ဝန်ကြီးချုပ်နဲ့ ဗမာတွေကြီးစိုးတဲ့ လွှတ်တော်တွေ လက်ထဲပုံအပ်ထားလိုက် ကြရတာပါပဲ။ အဲဒါတင်မက ဗမာပြည်မနိုင်ငံရေး main stream နိုင်ငံရေးဆိုလား ဘာလား ဖြစ်တည်လွှမ်းမိုးလာခဲ့တာ နောက်ခေတ်အဆက်ဆက် နိုင်ငံရေးလုပ် မယ်ဆိုရင် အဲဒီ main stream နိုင်ငံရေးဆိုတာကြီးနဲ့ ပတ်သက်နိုင်မှ၊ အဲဒီရေစီးကြောင်းနဲ့ အလိုက်သင့် မျောပါနိုင်မှ ဆိုတာမျိုးတွေ ဖြစ်လာကြတယ်။
အဲဒီတုန်းက ဗမာ့နိုင်ငံရေးခေါင်းဆောင်တွေရဲ့ တိုင်းပြည်ရှေ့ရေးကို မြော်မြင်နိုင်စွမ်းမရှိမှုနဲ့ တိုင်းရင်း သားတွေအပေါ် ဗိုလ်ကျအုပ်ချုပ်လိုမှုတွေကြောင့် လွတ်လပ်ရေးရတဲ့ ကာလအစကနေ တော်လှန်ရေးတွေ စခဲ့ ကြတာ၊ တစ်နည်းပြောရရင် သူပုန်ထခဲ့ကြတာ အခုထိဆိုပါတော့။ ဒါပေမယ့်လည်း နှစ်ပေါင်း ၇၀ ကျော်အထိ ဗမာနိုင်ငံရေးအုပ်စုနဲ့ ဗမာစစ်အုပ်စုနဲ့ဟာ တစ်လှည့်စီ မြန်မာ့နိုင်ငံရေးကို ဦးဆောင်ခဲ့ကြပြီး သူပုန်တွေတောင် အဲဒီရေစီးကြောင်းအလိုက် သူပုန်ထကြရတယ်လို့ ပြောကောင်းပြောနိုင်ပါတယ်။
ဗကပတွေကို ဗမာစစ်အုပ်စုက အပြတ်အသတ်အနိုင်ရသွားတယ်လို့ ပြောနိုင်တဲ့အနေအထား ရောက် ရှိသွားတဲ့ နောက်ပိုင်းမှာတော့ ဗမာသူပုန်ရယ်လို့ လက်ညှိုးထိုးပြစရာ သိပ်မရှိဘူးလို့ ဆိုနိုင်ပါတယ်။ ၈၈ မှာ တောခိုခဲ့ကြတဲ့ ကျောင်းသားတွေကလည်း နယ်စပ်အခြေစိုက်တဲ့ ဗျူဟာကိုပဲ ရွေးချယ်ခဲ့ကြတဲ့အတွက် ဗမာ ပြည်မရယ်လို့ ကိုယ်ဘာသာကိုယ် အတင်းနာမည်ပေးထားတဲ့ ဒေသတွေမှာ ယမ်းနံ့တထောင်းထောင်း မထ ခဲ့ကြတာ ကြာပေါ့။ အဲဒီတော့ ဗမာပြည်ထောင်စုအစိုးရအဆင့်ကနေ လျှောကျနိုင်လောက်တဲ့ အခြေအနေမျိုး လည်း လောက်လောက်လားလား မကြုံခဲ့ရဘူးပေါ့။
ဗကပတွေ ခြေကုပ်ယူထားတဲ့ ပဲခူးရိုးမကို ဗမာအစိုးရ စစ်တပ်က သိမ်းပိုက်ပြီးခါစ
ဗမာစစ်အုပ်စုနဲ့ ဗမာနိုင်ငံရေးသမားတွေ အာဏာလုကြတဲ့ပွဲတိုင်းမှာလည်း တိုင်းရင်းသားဒေသတွေက ပြည်သူတွေလည်း အုံကြွကြ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း ဝိုင်းဝန်းအားပေးပြီး ဗမာနိုင်ငံရေး အဖွဲ့တွေကို ပြည်ထောင်စုဗဟိုအုပ်ချုပ်ရေးအာဏာ ယူပေးလိုက်ကြပြန်တယ်။ ဗမာစစ်တပ်က အာဏာသိမ်း ပြန်တော့ ဗမာစစ်တပ်နဲ့ အပစ်အခတ်ရပ်စဲရေးတွေလုပ်ကြ၊ လက်ဆွဲနှုတ်ဆက်ကြတွေ ဖြစ်လာကြပြန်တယ်။ ဒီလိုနဲ့ တော်လှန်ရေးကြီးလည်း အဓွန့်တွေရှည်ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုအရေးလည်း ရွှေပြည်တော် မျှော်တိုင်းဝေးနေတုန်းပဲဆိုသလို ဇာတ်မျောနေခဲ့တာလည်း ကြာပေါ့။
၂၀၂၁ ခုနှစ်မှာ ဗမာစစ်တပ်က အာဏာသိမ်းလိုက်ပြန်တော့တစ်ခါ လူထုအုံကြွမှုကြီး ခါတိုင်းလို ပေါ် လာပြန်တယ်။ ဒါပေမယ့် ဒီတစ်ခါတော့ အပြောင်းအလဲတွေ စပြီးဖြစ်လာပါတယ်။ ဗမာမဟုတ်တဲ့ အခြား တိုင်းရင်းသားတွေဟာ အရင်အကြိမ်တွေတုန်းကလို လမ်းပေါ်သိပ်မထွက်ကြတော့ဘူး။ အသိသာဆုံးကတော့ ရခိုင်တိုင်းရင်းသားတွေဟာ လမ်းပေါ်ထွက် လူထုအုံကြွမှုကို လုံးဝနီးပါး မလုပ်ဘဲနေကြတာဖြစ်တယ်။ အဲဒီလို လုပ်မယ့်အစား ရခိုင့်ကံကြမ္မာကို ရခိုင်ကိုယ်တိုင် ဖန်တီးနိုင်မယ့် ရခိုင်တပ်တော်ဆီကိုဘဲ အလုံးအရင်းနဲ့ ဝင်သွားခဲ့ကြတယ်။
နောက်တစ်ချက်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း ဗမာ့ဒီမိုကရေစီတော်လှန်ရေး ကို အရင်တုန်းကနည်းလမ်းမျိုးနဲ့ မပံ့ပိုးကြတော့ဘူး။ တည့်တည့်ပြောရရင် ဗမာစစ်အုပ်စုလက်ထဲကနေ ဗမာနိုင်ငံရေးသမားတွေလက်ထဲ ကိုယ့်ကိုဖိနှိပ်အုပ်ချုပ်မယ့် အာဏာကို ဝိုင်းဝန်းပြီး မယူပေးကြတော့ဘူး။ အဲဒီ လိုလုပ်မယ့်အစား ကိုယ့်နယ်မြေကို ကိုယ်ပြန်ရရှိရေးကို အာရုံစိုက်လာခဲ့ကြတာကို တွေ့လာရတယ်။
အဲဒီအချိန်မှာပဲ သူတို့အာဏာကို အလုယူခံလိုက်ရတယ်လို့ နာကျည်းကြတဲ့ Nld အုပ်စုတွေရယ်၊ စစ် အာဏာသိမ်းတာကို စက်ဆုပ်ပြီး ဒီမိုကရေစီလိုလားတဲ့ ဗမာလူငယ်တွေရယ်ဟာ ဗမာစစ်တပ် မမျှော်လင့်ထား တဲ့ PDF တပ်ဖွဲ့တွေထူထောင်ပြီး ဗမာအစိုးရအဆက်ဆက် သာယာဝပြော ငြိမ်းချမ်းမှုကို တည်ဆောက်လာခဲ့ တဲ့ ဗမာပြည်မဆိုတာမှာကို သူပုန်ထကြတော့တာပါပဲ။ ဗမာလူငယ်တွေတင်မက အချို့သော တိုင်းရင်းသား နယ်မြေတွေမှာပါ PDF တပ်ဖွဲ့တွေ အလျှိုလျှိုပေါ်ပေါက်လာခဲ့ကြတယ်။ အဲဒီတော့ နာမည်ပေး၊ ကင်ပွန်းတပ် အင်မတန် ဝါသနာပါပြီး အင်မတန်လည်းတော်တဲ့ ရွှေမြန်မာတွေရဲ့ နာမည်ကျော် နွေဦးတော်လှန်ရေး ဆိုတာ ကြီး ပေါ်ပေါက်လာခဲ့ရတယ်။
အဲဒီနွေဦးတော်လှန်ရေးကို တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေက ဝိုင်းဝန်းထူထောင်ပေး ကြသလို နွေဦးတော်လှန်ရေးကလည်း တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ကကွက်ပြောင်းထားတဲ့ ဇာတ်လမ်းတွေပေါက်ဖို့ အထောက်အပံ့ဖြစ်စေခဲ့ပြန်တယ်။ ကချင်၊ ကရင်၊ ကရင်နီ စတဲ့ တော်လှန်ရေးတပ် တွေကလည်း ဒီဇာတ်ကွက်မှာ ဝင်ပါလာကြတယ်။ နွေဦးတော်လှန်ရေးနဲ့ ဗျာများနေရတဲ့ ဗမာစစ်ကောင်စီရဲ့ အကျပ်အတည်းကို အကောင်းဆုံးအသုံးချပြီး ဆောင်းဦးပေါက်တော်လှန်ရေးလို့ အမည်ပေးနိုင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ကိုးကန့်၊ တအာင်းပလောင်၊ ရခိုင်တို့ဟာ ကိုယ့်ဒေသကိုကိုယ် သိမ်းပိုက်ထိန်းချုပ်နိုင်ရေးကို ဦးတည်လာခဲ့ကြတယ်။ အဲဒီနောက်မှာ ၁၁၁၁ စစ်ဆင်ရေး၊ ကချင် (KIA) တကျော့ပြန်စစ်ဆင်ရေး အစရှိသဖြင့် တိုင်းရင်းသားတွေဟာ ဒီတစ်ကြိမ်မှာ ကိုယ့်ဒေသ ကိုယ့်ပိုင်နက်နယ်မြေကို အပြီးပိုင် အလုံးစုံ သိမ်းပိုက်ထိန်း ချုပ်နိုင်ရေးကို အားသွန်ခွန်စိုက် အာရုံစိုက်လာကြတာကို တွေ့ရပါတယ်။
အဲဒီအချိန်မှာ NUG ရဲ့ အခန်းကဏ္ဍကို ပြန်စစ်ကြည့်ကြပါမယ်။ NUG ဆိုတာ ၂၀၂၀ ရွေးကောက်ပွဲမှာ အများစုအနိုင်ရတဲ့ NLD တွေ ဦးဆောင်ပြီး ဖွဲ့စည်းထားတယ်လို့ ပြောနိုင်ပါတယ်။ တစ်နည်းအားဖြင့်ပြောရမယ် ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ တရားဝင်ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့အတွက် သူတို့သာလျှင် တရားဝင်အစိုးရဖြစ်ကြောင်း ဖွဲ့စည်းပုံအပြည့်နဲ့ အစိုးရဖွဲ့ထားတာဖြစ်တယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG
ဒီတော့ NUG ရဲ့လာရာလမ်းဖြစ်တဲ့ NLD အစိုးရရဲ့ ၂၀၁၅-၂၀၂၀ သက်တမ်းကို ပြန်ကြည့်ကြမယ်ဆိုရင် NLD အစိုးရဟာ ၂၀၀၈ အောက်မှာ တိုင်းရင်းသားနယ်မြေတွေကို အုပ်စိုးရတာ၊ တိုင်းရင်းသားသယံဇာတတွေ ကို အပိုင်စီးပြီး ရယူသုံးစွဲရတာကို အတော်နှစ်ခြိုက်ပြီး အစိုးရဖြစ်ရတဲ့ အရသာကို အတော့်ကို ကြိုက်သွားတယ် လို့ ပြောနိုင်ပါတယ်။ တိုင်းရင်းသားပြည်နယ်တွေမှာ အများစုအနိုင်ရတဲ့ ရခိုင်တို့ ရှမ်းတို့တွေကို ပြည်နယ်ဝန် ကြီးချုပ်ကလေးတောင် ပြည်နယ်လွှတ်တော်က ခန့်ခွင့်မပေးတာ၊ ရခိုင်က တရုတ်စီမံကိန်းတွေကို ဆက်လုပ်ဖို့ အသေအချာပြင်ဆင်ပြီး စာချုပ်ချုပ်တာ စတဲ့အချက်တွေ အများကြီးကို ပြန်သတိရကြမှာပါ။
ICJ တရားရုံးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲချက်ပေးစဉ်
ပြီးတော့ ရှေ့ကဗမာနိုင်ငံရေးသမားကြီးတွေရဲ့ နည်းလမ်းအတိုင်း ဗမာစစ်တပ်ကို ချော့ပေါင်းပြီး အာဏာတည်မြဲဖို့ ကြိုးစားတာတွေကိုလည်း ရခိုင့်တပ်တော်ကို အပြီးပြတ်ချေမှုန်းဖို့ ပြောတာ၊ ရခိုင့်တပ်တော်ကို အကြမ်းဖက်အဖွဲ့အစည်း အဖြစ် ကြေညာတာ၊ ဗမာစစ်တပ်ရဲ့ပြစ်မှုကို ICJ အထိတက်ပြီး ကာကွယ်ပေးဖို့ ကြိုးစားတာ စတဲ့အချက်မျိုးတွေကို ထောက်ရင် အထင်အရှား တွေ့ကြရမှာဖြစ်တယ်။
ဒါပေမယ့် တိုင်းပြည်မှာ သူပုန်ထရခြင်း ရဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ ဖက်ဒရယ်ပြည် ထောင်စု ဖြစ်ပေါ်လာရေးအတွက် လက်တွေ့ ကျတဲ့ လုပ်ငန်းစဉ်တွေကို အခြေခံအုတ်မြစ်ချ တာ၊ အစပျိုးတာတွေကို ဘာမှ ထိထိရောက် ရောက် လုပ်ခဲ့ခြင်းမရှိတာကို တွေ့ရမှာဖြစ် တယ်။ တိုင်းပြည်အတွက် အခြေခံအုတ်မြစ်ချဖို့ ကိုထားလို့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ NLD ကို တောင် ရေရှည်အတွက် Institutional ဖြစ်အောင် လုပ်ခဲ့ခြင်း မတွေ့ရပါဘူး။
အခု NUG ကလည်း ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အမွေအဖြစ် ၂၀၂၀ ရွေးကောက်ပွဲရဲ့ အောင်နိုင်သူ မြန်မာပြည် အစိုးရဆိုတဲ့ လေသံက တစ်စက်မှ မလျှော့ပါဘူး။ ရခိုင်က ရိုဟင်ဂျာအမည်ခံသူတွေရဲ့ကိစ္စဆိုလည်း ဝင်ပါ လိုက်သေးရဲ့။ ရခိုင်က တရုတ်စီမံကိန်းဆိုလည်း သူတို့က ဘယ်လိုဆက်လုပ်မယ်ဆိုတာမျိုး ဝင်ပြောလိုက်သေး ရဲ့။ ကိုးကန့်အရေးဆိုလည်း သူပြောချင်ပြန်ရဲ့။ စစ်ကောင်စီက တိုင်းပြည်မှာ စစ်မှုထမ်းဖို့လူဆွဲလို့ တစ်ပြည်လုံး ပွက်ပွက်ဆူတာကျ ဘာမှစွမ်းဆောင်ပေးနိုင်တာ မတွေ့ရဘူး။
PDF တွေက ဗမာပြည်အလယ်ပိုင်းကို တိုက်ခိုက်သိမ်းပိုက်ပြီးရင် NUG ကို အာဏာအပ်မယ်လို့ တစ် ထစ်ချမှတ်ယူထားသလားလို့တောင် ထင်ရတယ်။ PDF တွေ အားလုံးလည်း NUG လက်အောက်ခံမဟုတ်သလို မင်းအောင်လှိုင် တစ်ချိန်လုံး လက်ညှိုးထိုးပြီး သက်သေထူနေတဲ့၊ နောင်လည်း အချိန်မရွေး အာဏာပြန်သိမ်း နိုင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာကြီးကိုလည်း အများစုက ပယ်ဖျက်လိုက်ကြပြီးဖြစ်တယ်။
အဲလိုပဲ အခုကိုယ့်နယ်မြေတွေကို သိမ်းယူနေကြတဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်တွေကရော အားလုံးသိမ်းပိုက်ပြီးသွားရင် NUG ကို လာအုပ်ချုပ်လှည့်ပါဆိုပြီး နန်းတင်ပေးလိမ့်မယ်လို့ ယူဆနိုင်စရာ အချက်အလက်တွေလည်း မတွေ့ရပါဘူး။ ဒီအာဏာသိမ်းတဲ့ ၃ နှစ်အတွင်းမှာ ERO ခေါင်းဆောင်တွေရဲ့ အင်တာဗျူးတွေ၊ ထုတ်ပြန်ချက်တွေနဲ့ မြေပြင်သတင်းတွေအရဆိုရင် အခု ၁၀၂၇ အပါအဝင် ERO တွေရဲ့ နယ်မြေသိမ်းစစ်ဆင်ရေးတွေဟာ မင်းအောင်လှိုင် အာဏာမသိမ်းခဲ့ဘဲ NLD က အစိုးရဖွဲ့ပြီး ဆက်အုပ်ချုပ်ခဲ့ ရင်လည်း ဖြစ်လာမှာဘဲဆိုတာ သေချာနေပါတယ်။ ဥပမာ – ရခိုင့်တပ်တော်ဟာ ရခိုင့်ကံကြမ္မာကို ရခိုင် ကိုယ်တိုင်ဖန်တီးခွင့်ရဖို့အတွက် ရခိုင်ပြည်ကို ပြန်အရယူမယ်ဆိုတဲ့ ခေါင်းစီးအောက်မှာ စုစည်းထားတဲ့ လက်နက်ကိုင်စစ်သည် ၃-၄ သောင်းမကကို နောက်ထပ် NLD အစိုးရသက်တမ်းတွေအဆက်ဆက် ကြာရှည် ထိန်းထားဖို့မလွယ်သလို၊ ထိန်းထားရမယ့် အကြောင်းပြချက်ကိုလည်း မတွေ့မိပါဘူး။
အဲဒီအချိန်မျိုးမှာ သေချာပေါက်ကြုံတွေ့နိုင်တာက စစ်တပ်ကိုအားကိုးတကြီး မျက်နှာချိုသွေးရမှာနဲ့၊ ဗမာပြည်သူတွေဟာ ဗမာပြည်မမှာရှိနေတဲ့ တိုင်းရင်းသားတွေအပေါ် အခုအခြေအနေမျိုးလို သဘောပေါက် နိုင်ကြမှာ မဟုတ်တဲ့အတွက် ကြံ့ခိုင်ရေးလို စစ်တပ်နောက်ခံအဖွဲ့အစည်းတွေက ဖန်တီးမယ့် လူမျိုးရေးအဓိက ရုဏ်းတွေပဲ ဖြစ်တယ်။ အဲဒီအခါကျပြန်တော့လည်း တိုင်းပြည်ငြိမ်ဝပ်ပြားမှုမရှိ၊ တည်ငြိမ်မှုမရှိဆိုပြီး မြန်မာ့ တပ်မတော်က တိုင်းပြည်အာဏာကို ထိန်းသိမ်းရမယ်ဆိုတဲ့ တိုင်းပြည်ဖခင်ကြီးရဲ့ အရေးပေါ်အခြေအနေ ကြေညာမှုအောက်မှာ ဒိုင်ပွဲရပ်နဲ့ အရှုံးပေးရဦးမှာဖြစ်တယ်။
ဒီနေရာမှာ ဗမာ့အိမ်နီးချင်း ဆွေမျိုးပေါက်ဖော် တရုတ်ကြီးရဲ့ အခန်းကဏ္ဍကိုလည်း ချန်ထားခဲ့လို့ မရ ပါဘူး။ နိုင်ငံရေး ကကြီး၊ခခွေး နားလည်သူတိုင်း သဘောပေါက်ကြတဲ့အတိုင်း တရုတ်ဟာ မြန်မာပြည်ကို ဒီမိုက ရေစီတိုင်းပြည်ဖြစ်သွားမှာ၊ ဖက်ဒရယ်ပြည်ထောင်စုဖြစ်သွားမှာ ကြောက်တယ်။ အဲလိုဆိုရင် တိုးတက်သွား မယ်။ အနောက်အုပ်စုနဲ့ နီးကပ်သွားမယ်။ သူနှပ်ချလို့မရ၊ ဩဇာပေးလို့မရ ဖြစ်သွားမယ်။ ဒီတော့ တရုတ်ဟာ စစ်ကောင်စီက သူတို့ကို ပိုပြီးအားကိုးမှီခိုလာရအောင် လုပ်တယ်။ သူနဲ့နီးစပ်တဲ့ ERO တွေနဲ့ အကြောင်းပြုပြီး စစ်ကောင်စီကို အင်အားချိနဲ့အောင်လုပ်တယ်။ ERO တွေက PDF တွေနဲ့ လက်တွဲပြီး သူထင်ထားတာထက် ပိုပြီးလုပ်ကိုင်လာတဲ့အခါ စစ်ကောင်စီကိုတစ်လှည့် ကျောထောက်နောက်ခံပြုခွင့် ပေးတယ်။
စစ်ကောင်စီကို အသက်ဆက်ပေးဖို့ ရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ
ဆိုလိုချင်တာက တရုတ်ကြီးကျားကန်ပေးထားသရွေ့ စစ်ကောင်စီက ဆက်ရှိနေနိုင်တယ်။ မြန်မာ ပြည်အလယ်ပိုင်းမှာ ခန့်ခန့်ကြီး ထိုင်နေဦးမယ်။ အခုတောင် မင်းအောင်လှိုင်ကို တရုတ်ကြီးက သူတို့ရဲ့စိန နေပြည်တော်ကြီးဆီ အခစားဝင်ခွင့်ပြုမယ်လို့ ကြားနေရတယ် ( ပြင်ဆင်ချက် – နိုဝင်ဘာလ ၅ ရက်နေ့က မဟာ မဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးသို့ သွားရောက်ခဲ့ပြီးဖြစ်တယ်)။ ဒါ့အပြင် PDF တွေရဲ့ လက်ရှိအနေအထားနဲ့ မြန်မာပြည်အလယ်ပိုင်းမှာ စစ်ကောင်စီကို အပြုတ်တိုက်ဖို့ဆိုတာ ဖြစ်နိုင်ချေ နည်းသေးတယ်လို့ ပြောနိုင်တယ်။ မြောက်ပိုင်းအဖွဲ့တွေကိုလည်း ပေါက်ဖော်ကြီးက စပြီးထိန်းနေပြီ။ ၂၀၂၅ မှာ ERO အများစုကတော့ သူတို့နယ်မြေအများစုကို ရနိုင်သလောက် ရယူနိုင်ကြပြီး ဖြစ်လောက်တယ်။ ERO တွေ ဟာ တော်လှန်ရေးတပ်ကနေ တော်လှန်ရေးအစိုးရ၊ ပြည်သူ့အစိုးရဆိုတာမျိုးတွေပါ အခုပုံဖော်နေကြပြီ ဖြစ်တယ်။
အဲဒီမှာပြောချင်တာ ပထမအချက်က – တိုင်းရင်းသားတွေက ကိုယ့်နယ်မြေကို ကိုယ်အုပ်ချုပ်နေကြပြီး စစ်ကောင်စီက မြန်မာပြည်အလယ်ပိုင်းကို ဆက်ပြီးထိန်းထားရုံမက ရွေးကောက်ပွဲတွေ ဘာတွေလုပ်ပြီး တရား ဝင်အစိုးရပါလို့ လုပ်နေပြီဆိုရင်၊ အခုစစ်အာဏာသိမ်းထားတာတောင် ဆက်ဆံနေကြတဲ့ အနီးအနားနိုင်ငံတွေ ကရော၊ အဝေးအလံနိုင်ငံတွေကရော စစ်ကောင်စီတစ်ဖြစ်လဲ မြန်မာအစိုးရနဲ့ တရားဝင်ဖြစ်ပြီဟဲ့ဆိုပြီး အားရဝမ်းသာ ဖြစ်နေကြပြီဆိုရင် NUG အစိုးရအဖွဲ့က လက်တွေ့မှာ ဘာကို အုပ်ချုပ်မလဲ။ မုန့်ဖိုးပဲဖိုးပေးပြီး တရုတ်ကို စိတ်အနှောင့်အရှက်ပေးရုံလောက်ကလေးသာ အာရုံရနေတဲ့ နိုင်ငံတွေကို ဘယ်လောက် အားကိုးလို့ ရနိုင်မယ်ထင်လို့လဲ။
ဒုတိယအချက်က – ရှေ့မှာပြောခဲ့သလိုဘဲ မြန်မာနိုင်ငံရေးကို အရင်တုန်းက ဗမာတွေက ဦးဆောင် တယ်။ သူတို့ကစားကွက်ထဲ ဝင်ကစားခဲ့ရတယ်။ ၁၉၄၇ တုန်းက ဗြိတိသျှဆီက နိုင်ငံ့အာဏာကို ဗမာတွေက တိုက်ရိုက်ဆက်ခံလိုက်တဲ့သဘော ဖြစ်သွားတယ်။ အဲဒါကို အတည်ပြုဖို့၊ ဥပဒေအရ တရားဝင်ဖို့ ပင်လုံတွေဘာ တွေ လုပ်လိုက်ရတဲ့သဘောဖြစ်တယ်။ ၂၀၀၈ တွေဘာတွေ ဆွဲပြီး ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်တော့ နိုင်ငံ့အာ ဏာကို ဦးသိန်းစိန် အစိုးရက ရသွားတယ်။ အဲဒီကတစ်ဆင့် NLD က ဆက်ခံတယ်။
ULA/AA က အာရက္ခပြည်သူ့အစိုးရဆိုပြီး အလုပ်တွေလုပ်နေတာကြာပြီ
အခု ၂၀၂၁ မှာ ဗမာစစ်တပ်က အာဏာသိမ်းတော့ နိုင်ငံ့အာဏာကို ရယူလိုက်တာဖြစ်တယ်။ အဲလို ရယူ ထားတာကို တိုင်းရင်းသား ERO တွေ က တော်လှန်တိုက်ခိုက်ပြီး ကိုယ့် နယ်မြေ ကိုယ်ပြန်သိမ်းတယ်။ အခု ကိုယ့်ပိုင်အုပ်ချုပ်ရေးကို သွားဖို့ပြင် ဆင်နေကြပြီ။ စနေကြပြီ။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ
ဒီတော့ ပြည်ထောင်စုဖွဲ့မလား။ ဖက်ဒရယ်စနစ်လား။ ကွန်ဖက်ဒရေးရှင်း လား။ လုပ်ချင်ရင်လုပ်ကြ။ မလုပ်ချင် လည်းနေကြ။ လုပ်မယ်ဆိုလည်း အား လုံးသဘောတူနိုင်တဲ့ ဘုံသတ်မှတ်ချက် တွေကို အရင်ဆွေးနွေးကြ။ အဲဒီအတော အတွင်းမှာတော့ ERO တွေ သိမ်းပိုက် အုပ်ချုုပ်နေတဲ့ တိုင်းရင်းသားတွေ ဘိုး ဘေးစဉ်ဆက်ပိုင်လာခဲ့တဲ့မြေကို စစ် ကောင်စီကပဲဖြစ်ဖြစ်၊ NUG ကပဲ ဖြစ် ဖြစ် လာပြီးစီမံအုပ်ချုပ်လို့ မရတော့ဘူး။ နိုင်ငံ့အာဏာမရှိတော့ဘူး။
တတိယအချက်က – ရှေ့မှာဖော်ပြခဲ့တဲ့ အနေအထားတွေအရ စစ်ကောင်စီဟာ လက်ရှိ မြန်မာပြည် အလယ်ပိုင်းကို အထိုင်ချပြီး တိုင်းရင်းသားနယ်မြေတွေကို ရသလောက် ပြန်တိုက်ဖို့၊ ထိန်းထားတာတွေ ထပ် မပါသွားဖို့ လုပ်မှာဖြစ်တယ်။ တရုတ်ကြီးကလည်း အဲဒီအစီအစဉ်ကို ကျောထောက်နောက်ခံ ပေးမှာဖြစ်တယ်။ PDF တွေအနေနဲ့ လက်ရှိစစ်ကောင်စီထိန်းထားတဲ့နေရာတွေကို အပြုတ်တိုက်ပြီး အပိုင်သိမ်းဖို့ဆိုတာ ဘယ် လောက်လက်တွေ့အားဖြင့် နီးစပ်နိုင်သလဲ။ NUG ကရော အဲဒီကိစ္စကို ဘယ်လောက် စွမ်းဆောင်နိုင်မလဲ။ ပြည် ပနိုင်ငံတွေကရော တရုတ်လိုမျိုး ဘယ်လောက် ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်ကြမလဲ။
အဲဒီတော့ မြန်မာပြည်အနေအထားကို လက်တွေ့ကျကျကြည့်လိုက်ရင် တစ်ချို့သော ERO တွေနဲ့ စစ် ကောင်စီဟာ နယ်မြေအသီးသီးကို ခွဲဝေအုပ်ချုပ်နေကြပြီး NUG ကတော့ အသံလောက်ပဲထုတ်နိုင်တဲ့ အခြေ အနေ ဖြစ်နေမယ်။ ဖဆပလခေတ်က ဌာနလက်ကိုင်မရှိဝန်ကြီး ဆိုတာမျိုးဖြစ်နေမယ်။ NUG ရဲ့ မူကလည်း ၂၀၀၈ အောက်က ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရမှာတို့၊ နိုင်ငံ့အာဏာကို NUG ကို လွှဲပြောင်းပေးရမှာ တို့ကို ဆုပ်ကိုင်ထားရင် ERO တွေနဲ့လည်း အဆင်ပြေမှာ မဟုတ်လောက်ဘူး။ တရုတ်ကြီးကလည်း NUG ကို အနောက်အုပ်စုကို ယိမ်းတယ်ဆိုပြီး မြန်မာနိုင်ငံရေး ကစားကွက်ထဲကနေ ဘေးရောက်သွားအောင် လုပ်ဖို့ကြိုး စားမှာဖြစ်တယ်။
တစ်ကယ်လို့ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့ကြတော့မယ်ဟဲ့လို့ဆိုရင် ဗမာပြည်အလယ်ပိုင်း ကိုယ်စားပြု ဒါမှမဟုတ် ဗမာလူမျိုးကိုယ်စားပြုက ဘယ်အဖွဲ့အစည်းလဲ။ NUG ကလည်း ပြည်ထောင်စုအစိုးရဆိုတဲ့ နိုင်ငံ့ အာဏာရအဖွဲ့အစည်း စင်မြင့်ပေါ်ကနေ လုံးလုံးမဆင်းဘူးဆိုရင် ကျန်တဲ့တိုင်းရင်းသားတွေက ဗမာကိုယ်စား ပြု ဘယ်အဖွဲ့အစည်းနဲ့ ဆွေးနွေးရမှာလဲ။ အဲလိုဆိုရင် စစ်ကောင်စီက တရုတ်ရဲ့ တိုက်တွန်းချက်နဲ့ အဲဒီစားပွဲ ဝိုင်းထဲ ဝင်လာကောင်း ဝင်လာနိုင်တယ်။ ဒါမှမဟုတ် မြန်မာပြည်ကြီးဟာ နှစ်အတော်ကြာ ဒီလိုလို ဟိုလိုလိုနဲ့ ဇာတ်မျောနေနိုင်တယ်။
အဲဒါကြောင့် မြန်မာပြည်ကို တစ်ကယ်ငြိမ်းချမ်းရေး ရစေချင်တယ်ဆိုရင်၊ သာယာဝပြောပြီး တိုးတက် စေချင်တယ်ဆိုရင် ဖက်ဒရယ်ဖြစ်ဖြစ်၊ ကွန်ဖက်ဒရေးရှင်းဖြစ်ဖြစ် တိုင်းရင်းသားအားလုံး နိုင်ငံရေးအရ တန်းတူ ညီမျှမှုရှိတဲ့ ပြည်ထောင်စုစစ်စစ်တစ်ခုကို ဖွဲ့စည်းနိုင်မှ ဖြစ်ပါမယ်။ ဘယ်အုပ်စုပဲဖြစ်ဖြစ်၊ ဘယ်လူမျိုးပဲဖြစ်ဖြစ် မြန်မာနိုင်ငံကြီးဆိုတာကို မပြိုကွဲစေချင်တာတို့၊ ဒီမိုကရေစီတို့၊ ဖက်ဒရယ်တို့၊ တန်းတူညီမျှမှုတို့ကို တစ်ကယ် နှစ်နှစ်ကာကာ ယုံကြည်တယ်၊ လက်ခံတယ်၊ ရှေ့အနာဂတ်ကို မြော်မြင်ဆင်ခြင်နိုင်ကြတယ်ဆိုရင် ဒီအချိန်ဟာ နွေဦးတော်လှန်ရေးကပေးတဲ့ အခွင့်ကောင်းဖြစ်တယ်။
ဗမာတိုင်းရင်းသားတွေဖက်ကလည်း တစ်ပြည်ထောင်ချုပ်ကွက်တွေကို ဒီအချိန်မှာ လုံးဝစွန့်လွှတ် လိုက်ဖို့လိုသလို၊ ကျန်တဲ့တိုင်းရင်းသားတွေဖက်ကလည်း ငါ့နယ်မြေ ငါရရင်ပြီးရောဆိုတာထက် ပိုသဘောထား ကြီးကြဖို့ လိုပါမယ်။ တကယ်က ဗမာမဟုတ်တဲ့ အခြားတိုင်းရင်းသားတွေက မြန်မာတစ်ပြည်လုံးကို ချုပ်ကိုင်စိုး မိုးလိုကြတာတွေ သိပ်မရှိကြပါဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဗမာတွေက ပေါင်းမိရင် ချုပ်ကွက်တွေ လုပ်တတ်တော့ အရင်သင်ခန်းစာဟောင်းတွေကြောင့် ယုံကြည်မှုအားနည်းနေကြတယ်။
အဆုံးသတ်ရရင် NUG ဟာ မြေပြင်အခြေအနေကို လက်တွေ့ကျကျ လက်ခံသင့်တယ်။ ၂၀၀၈ ကို လုံး ဝ ပယ်ဖျက်တယ်၊ လက်မခံဘူးဆိုတာတို့၊ ပြည်ထောင်စုအတွက် တရားမျှတပြီး အလုပ်ဖြစ်နိုင်တဲ့ လုပ်ငန်းစဉ် တွေနဲ့ ရပ်တည်ချက်တွေကို တရားဝင်ထုတ်ပြန်တာတို့၊ စတင်အကောင်အထည်ဖော်တာတို့၊ ဗမာတိုင်းရင်း သား ကိုယ်စားပြု ဒါမှမဟုတ် ဗမာအများစုနေတဲ့ မြန်မာပြည်အလယ်ပိုင်းကိုယ်စားပြုအဖြစ် အခြားတိုင်းရင်း သားတွေ နဲ့ လက်တွဲအလုပ်လုပ်တာတို့ကို လုပ်သင့်တယ်။
ဒါဟာ တရုတ်က NUG ကို လက်တွေ့ကျတဲ့ နိုင်ငံရေးစည်းဝိုင်းထဲက ဖယ်ထုတ်ဖို့ ကြိုးစားတာကို လည်း တန်ပြန်တိုက်ကွက် ဆင်ပြီးသားဖြစ်သွားမယ်။ တိုင်းရင်းသားတွေအားလုံး ပေါင်းစည်းညှိနှိုင်းပြီး စစ်မှန် တဲ့ ပြည်ထောင်စုလမ်းကြောင်းဆီသို့ ခရီးဆက်နေကြပြီဆိုရင် စစ်ကောင်စီဟာ အလိုလို ဘေးမှာကျန်ခဲ့ပြီး နိုင်ငံ ရေးအရဖြစ်ဖြစ် စစ်ရေးအရဖြစ်ဖြစ် အရေးသာအောင်လုပ်လို့ ရနိုင်ခြေများသွားမယ်။
အဲလိုဆိုရင်တော့ လက်ရှိမြန်မာပြည်မှာ ထွန်းကားနေတဲ့ စစ်ဝါဒတို့၊ တစ်ပြည်ထောင်ဝါဒတို့၊ လူမျိုး ကြီးဝါဒတို့ကို တဖြည်းဖြည်းချုပ်ငြိမ်းစေပြီး လွတ်လပ်မှု၊ တန်းတူမှုနဲ့ တရားမျှတမှုရှိတဲ့ မြန်မာပြည်သစ် ပေါ်လာနိုင်စရာ ရှိပါတယ်။ အဲလိုဖြစ်ဖို့ အဓိကအတားအဆီးတစ်ခုဖြစ်တဲ့ စစ်ကောင်စီကို အားလုံးဝိုင်းတိုက်နိုင် ကြမှာဖြစ်တယ်။ နောက် အဓိကအတားအဆီးတစ်ခုဖြစ်တဲ့ လူမျိုးတစ်မျိုးထဲက၊ အုပ်စုတစ်ခုထဲက နိုင်ငံ့အာဏာကို ရယူချင်တာတို့၊ တစ်ပြည်ထောင်စနစ်နဲ့ ဗဟိုချုပ်ကိုင်ချင်တာတို့ကို စွန့်လွှတ်ပြီး အမြော်အမြင် သဘော ထားကြီးမှုနဲ့ ပြည်ထောင်စုစစ်စစ်ကို အမှန်တကယ် တည်ဆောက်ချင်တဲ့စိတ်တွေ မွေးကြဖို့ပဲ ဖြစ်ပါတယ်။
Oct 19, 2024
နွေဦးတော်လှန်ရေးထဲကနေ ဘာကို အရယူကြမလဲ

Related Posts
ကျွန်တော်တို့ ဘာကို တော်လှန်နေကြတာလဲ
မြန်မာပြည် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်နေပြီလား
ရခိုင်ဟာ နိုင်ငံတစ်ခု ပြန်ဖြစ်လာမလား
Categories
ဗမာ့ကြောက်စိတ်
ရခိုင့်သယံဇာတကျိန်စာ အဆုံးသတ်တော့မှာလား
အာရက္ခအိပ်မက်များဆီသို့
မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲ
မြန်မာပြည်ထဲမှာ တရုတ်က ကိုယ်ပိုင်အုပ်ချုပ်ရေး လိုချင်နေတာလား
ကျွန်တော် အိမ်ပြန်မှ ဖြစ်မည်