ဗမာ့ ကြောက်စိတ်

နေထက်မိုးဇော် ရေးသည်

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာပြည်တွင် ဗမာလူမျိုးများ သို့မဟုတ် ဗမာအမည်ခံထားသူများ သည် ၆၅ ရာခိုင်နှုန်း အထက်ရှိသည်ဟု ဆိုသည်။ ကိုလိုနီခေတ်မှသည် ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်အထိ ဗမာများသည် မြန်မာနိုင်ငံရေး၏ ဦးဆောင်ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ မြန်မာပြည်၏ စီးပွားရေး၊ ပညာ ရေး၊ ကျန်းမာရေးမှစ၍ တိုင်းပြည်၏ အဓိကအချက်အချာများသည်လည်း ဗမာအများစု နေထိုင်ရာ ဧရာဝတီ မြစ်ဝှမ်းတစ်လျှောက်တွင်သာ တည်သည်။

            အကြောင်းရင်းမှာ ယင်းကြောက်စိတ်သည် ပြည်ထောင်စုအကျိုးစီးပွားကို ဖျက်ဆီးနေခဲ့သည်။ ယင်း ကြောက်စိတ်ကို ပြုပြင်နိုင်လျှင် မြန်မာပြည်သူများ ပြင်းပြလိုလားနေကြသည့် (အနည်းဆုံး) ဖက်ဒရယ်ပြည် ထောင်စုကိုဖြစ်စေ တည်ဆောက်ကြရာတွင် ကောင်းကျိုးသက်ရောက်မှု ရှိမည်ဖြစ်သည်။

ဗမာနိုင်ငံရေးခေါင်းဆောင်များ၊    ဗမာစစ်တပ်ခေါင်းဆောင်များသည် မြန်မာ့ လွတ်လပ်ရေးတိုက်ပွဲကို အတူလက်တွဲတိုက်လာခဲ့သည့် ဗမာမဟုတ်သော ဌာနေတိုင်းရင်းသား လူမျိုးများအား တန်းတူအခွင့်အရေးပေးရန်  အလွန်ဝန်လေးသည်ကို တွေ့ရသည်။  ၁၉၄၇  အခြေခံဥပဒေတွင် ဖဆပလခေါင်း ဆောင်များသည် ရှမ်းပြည်၊ ကချင်ပြည်၊ ကရင်နီပြည် စသည့် ပြည်နယ်မှမပေးလျှင် ဗမာများနှင့် မည်သို့မျှ ပေါင်းစည်းကြမည်မဟုတ်သော တိုင်းရင်းသားလူမျိုးစုများ၏ နယ်မြေများကို ပြည်နယ်ပေးခဲ့သော်လည်း အသာခေါက်ထား၍ရသည့် ရခိုင်၊ မွန်နှင့် ချင်းတို့ကို ပြည်နယ်မပေးခဲ့ပေ။

ပြည်နယ်ပေးသည် ဆိုရာတွင်သော်မှ ပြည်နယ်ဥက္ကဋ္ဌခန့်ထားရေး၊ ပြည်နယ်မှပြုသည့် ဥပဒေများကို သမ္မတက အတည်ပြုရသည့်ကိစ္စ၊  ပြည်နယ်အခွန်တော်နှင့် ဘတ်ဂျက် စသည်ဖြင့် ရသမျှကို လျှော့ချကန့်သတ် ထားခဲ့ကြသေးသည်။ ၁၉၄၈ ခုနှစ် နောက်ပိုင်းတွင်လည်း ရခိုင်နှင့် မွန်တို့၏ ပြည်နယ်တောင်းဆိုမှုများကို   ဝန်ကြီးချုပ်ဦးနုနှင့် ဗမာ ဖဆပလခေါင်းဆောင်များသည်  အကြိမ်ကြိမ်ပယ်ချခဲ့ကြောင်း တွေ့ရှိရသည်။ 

            ၁၉၆၀    ခုနှစ်တွင်  ပထစအစိုးရ   အာဏာရလာခဲ့ပြီးနောက်    တိုင်းရင်းသားများက တန်းတူရေး၊ ဖက်ဒရယ်မူအရေးများ လှုပ်ရှားလာသောအခါ နဂိုကပင် အာဏာလိုချင်နေသော ဗမာစစ်တပ်က  ၁၉၆၂  ခုနှစ် တွင် စစ်အာဏာသိမ်းခဲ့သည်။ ၁၉၇၄  ခုနှစ်တွင် မဆလ အခြေခံဥပဒေ ပေါ်ပေါက်လာရာ   ဌာနေတိုင်းရင်းသား လူမျိုးစု (၁) ကျပ်၊  ဗမာ (၇) ကျပ် ရရှိသောမူကို ပြဋ္ဌာန်းခဲ့သည်။ 

            ၂၀ဝ၈  ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ယင်းလမ်းဟောင်းကိုပင် ဆက်လျှောက်ရုံမက ပြည်ထောင် စုနယ်မြေဆိုသည်က ပိုလာသည့်အတွက် ဗမာ (၈) ကျပ်၊ တိုင်းရင်းသားလူမျိုးစုတစ်စု (၁) ကျပ်အထိ ဈေးကျ သွားခဲ့သည်။ ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်များကို နိုင်ငံတော်သမ္မတကသာ ခန့်အပ်နိုင်သည်ဆိုခြင်းမှာလည်း နောင်တော်ဖွဲ့စည်းပုံများ၏ အမွေကို ဆက်ခံခြင်းပင်ဖြစ်သည်။

၁၉၄၇   ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်သူ့လွှတ်တော်၌ ဗမာလွှတ်တော်ကိုယ်စားလှယ်များ၏ အရေ အတွက်ကို များအောင်ပြုကာ၊ သို့မဟုတ် ယင်းသို့ အရေအတွက်သာလွန်သည်ကို အကြောင်းပြုကာ အစိုးရ သည် ပြည်သူ့လွှတ်တော်ကိုသာ တာဝန်ခံခဲ့သည်။ လူမျိုးစုလွှတ်တော်နှင့် အာဏာမတူသည့်အတွက် တိုင်းရင်း သားလူမျိုးများကို ထိန်းချုပ်နိုင်ခဲ့သည်။

၁၉၇၄ အခြေခံဥပဒေတွင် ပြည်သူ့လွှတ်တော်တစ်ခုတည်းသာရှိပြီး ဗမာများက တိုင်း(၇)တိုင်း ဝေစု ယူကာ တိုင်းရင်းသားလူမျိုးများကို ဆက်လက်ထိန်းချုပ်ခဲ့သည်။    ၂၀ဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေတွင်လည်း    နိုင်ငံတော်သမ္မတသည်   ပြည်ထောင်စုလွှတ်တော်အား တာဝန်ခံရသည်။ ပြည်ထောင်စုလွှတ်တော်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဟူ၍  လွှတ်တော် (၂) ရပ် ပါရှိရာ၊ ယင်းလွှတ်တော် (၂) ရပ်ပေါင်း တွင် ဗမာကိုယ်စားလှယ်များက အင်အားသာလွန်ပြီးဖြစ်သည်။ သည့်အပြင် ဗမာစစ်တပ်ကပါ ရှယ်ယာတစ်ဖို့ ယူထားလိုက်သေးသည်ဖြစ်ရာ   တိုင်းရင်းသားဌာနေလူမျိုးများမှာ   လွှတ်တော်တွင်း၌  မည်သည့်အခွင့်အရေး ကိုမျှ မရရှိနိုင်ပေ။ 

            ဗမာနိုင်ငံရေးခေါင်းဆောင်အချင်းချင်းသည်   မည်မျှပင်   အယူဝါဒနှင့် နည်းဗျူဟာများ ကွဲပြားနေစေ ကာမူ ဌာနေတိုင်းရင်းသားလူမျိုးများအား နိုင်ငံရေး၊ အုပ်ချုပ်ရေး၊   စီးပွားရေးများ  တန်းတူခွင့်နှင့်   ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့်၊   ကိုယ်ပိုင်အုပ်ချုပ်ခွင့်များနှင့်  ပတ်သက်လာလျှင် တစ်သဘောတည်းဖြစ်ကာ ပေါင်းစည်းသွားတတ် မြဲပင်ဖြစ်သည်။ ဗမာနိုင်ငံရေးခေါင်းဆောင်၊   စစ်ခေါင်းဆောင်များသာမက    ဗမာအသိပညာရှင်၊   အတတ် ပညာရှင်အများစုနှင့် ဗမာမီဒီယာအများစုကပါ ရေငုံနှုတ်ပိတ် ဖြစ်သွားကြမြဲပင်ဖြစ်သည်။   

၄င်းတို့အားလုံးသည် ဌာနေတိုင်းရင်းသားလူမျိုးများ၏ ရပိုင်ခွင့်ဖြစ်သော တန်းတူခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်များအား ပေးရမည်ကို သေမတတ် ကြောက်ရွံ့ဝန်လေးနေကြ၏။ ဗမာများနှင့် တန်းတူဖြစ်သွားမည်ကို မလိုလားကြသေးပေ။ 

            ၂၀၂၁  ခုနှစ်တွင် စတင်ခဲ့သော  နွေဦးတော်လှန်ရေးနှင့်  NUG  တို့တွင်လည်း ယင်းတန်းတူရေး၊ ဗမာပြည်နယ်ဖွဲ့စည်းရေး၊ ဖက်ဒရယ်စစ်စစ်မူနှင့်  ပြည်ထောင်စုစစ်စစ်ဖွဲ့စည်းရေး  အစရှိသည်များကို ရှင်းရှင်း လင်းလင်း  တိတိကျကျနှင့် ခိုင်မာယုံကြည် အားထားလောက်သော ကျယ်လောင်မှုမျိုးကို မကြားရသေးဟု  ဆိုနိုင်သည်။ ယင်းတို့ကိုဦးတည်သော လုပ်ငန်းစဉ်များကို လက်တွေ့စတင် အကောင်အထည်ဖော်နေခြင်းမျိုး ကိုလည်း မတွေ့မြင်ရသေးဟု ဆိုနိုင်သည်။

NUG သည် ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် ရရှိခဲ့သော ရွေးကောက်ပွဲရလဒ်ကို ဆုပ်ကိုင်ထားကာ တိုင်းရင်းသားနယ်မြေများအပါအဝင် မြန်မာတစ်နိုင်ငံလုံးကို  အုပ်စိုးခွင့်အာဏာအား တပ်မက်နေတုန်းပင် ရှိသေးသည်။ ၂၀၀၈ ဖွဲ့စည်းပုံ၏ တိုင်းရင်းသားလူမျိုးများအပေါ် ချုပ်ကွက်များအား လက်လွှတ်လိုက်ရမည်ကို ကြောက်စိတ်ဝင်နေတုန်းပင် ရှိနေသေးသည်။ လက်ရှိ အာဏာသိမ်းစစ်ကောင်စီသည်လည်း  ယင်းကိစ္စနှင့် စပ်လျဉ်းလာလျှင်  ထိုနည်းလည်းကောင်းပင်ဖြစ်ရာ ဗမာနိုင်ငံရေးခေါင်းဆောင်များနှင့်  စစ်ခေါင်းဆောင်များ သည် တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကို ကြောက်စိတ်ဝင်နေကြတုန်းပင် ရှိသေးသည်။  

လက်ရှိမြန်မာပြည်နယ်နိမိတ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများထဲတွင် ဗမာဘုရင်များသည်  ယိုးဒယားကို တိုက်ခဲ့သည်။ မွန်ကို တိုက်ခဲ့သည်။ ရခိုင်ကို တိုက်ခဲ့သည်။ ဗမာတို့သည် စစ်ကိုအားသန်ပြီး စစ်တပ်အားကိုးနှင့် အခြားလူမျိုး၊ အခြားနယ်မြေဒေသများအား နယ်ချဲ့သိမ်းပိုက်ခြင်းကို မကြာခဏ ပြုခဲ့သည်။ အင်္ဂလိပ်ကိုလိုနီခေတ်တွင် အင်္ဂလိပ်စစ်တပ်ထဲ၌  ဗမာအများအပြား မထားပေ။ သို့ဖြစ်၍ ဗမာတို့သည်  ဂျပန်နှင့်ပေါင်းကာ   စစ်တပ်ကိုထူထောင်ခဲ့ကြသည်။   

ယင်းနောက်တွင်  အင်္ဂလိပ်နှင့်ပေါင်း၍  ဂျပန်များကို တိုက်ထုတ်ကြပြီးနောက် မြန်မာအမြဲတမ်းတပ်မ တော်ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ နောက်ပိုင်းတွင် အုပ်ချုပ်ရေးအာဏာရယူရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း က စစ်တပ်မှထွက်လိုက်ပြီး စစ်တပ်အကြီးအကဲမှာ ကရင်လူမျိုးဖြစ်နေခြင်းကိုလည်းကောင်း၊ စစ်တပ်ထဲတွင် ကရင်စစ်ဗိုလ်များ ကြီးစိုးနေသည်ကို လည်းကောင်း   ဗမာလူမျိုးကြီးဝါဒီ နိုင်ငံရေးသမားတို့က  မကြိုက်ပေ။   ထို့ကြောင့်   မြန်မာအမြဲတမ်းစစ်တပ် ရှိနေလျက်နှင့်ပင်  ဆိုရှယ်လစ်အုပ်စုသည် စစ်ဝန်ထမ်းတပ်ကို ထူထောင် ခဲ့ကြသေးသည်။

            ၁၉၄၈  ခုနှစ် နောက်ပိုင်းတွင် ဗမာတို့၏ ၁၉၄၇ အခြေခံဥပဒေသည် ဖက်ဒရယ်မူမစစ်ခြင်းနှင့် နိုင်ငံရေး အယူဝါဒ ကွဲပြားမှုများကြောင့် ပြည်တွင်းတော်လှန်ပုန်ကန်မှုများ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာရာ ဖဆပလ က စစ်တပ်ကို အားကိုးတကြီး မြှောက်စားခဲ့ရသည်။

 

ထို့ပြင် ဖဆပလ အကွဲအပြဲတွင်လည်း  တည်မြဲနှင့်သန့်ရှင်း   နှစ်ဖက်စလုံးသည်   ဗမာစစ်တပ်ကို  ချော့ပေါင်းခဲ့ကြသည်။ သို့နှင့် ဗမာစစ်တပ်သည် တဖြည်း ဖြည်းအင်အား ကြီးထွားလာကာ မာန်တက် လာခဲ့သည်။ ဗမာစစ်တပ်သည် ၄င်း၏မူလတာဝန်ထက်ကျော်လွန်ကာ နိုင်ငံရေး အာဏာကို မက်လာခဲ့သည်ဟု ဆိုနိုင်သည်။  သို့မဟုတ် မူလကပင် နိုင်ငံရေးအာဏာကို  လိုချင်မက်မောနေသော ဗိုလ်နေဝင်းအတွက် အချောင်ရမည့်လမ်းကို မြင်ခဲ့သည်ဟု ဆိုနိုင်သည်။ ဤသို့ဖြင့် စစ်အာဏာသိမ်းသော အလေ့အထဆိုးကြီးကို စတင်စိုက်ပျိုးခဲ့ကြသည်။

၂၀၁၅  ခုနှစ်တွင် အရပ်သားဒီမိုကရေစီအစိုးရ ပြန်လည်ပေါ်ပေါက်လာခဲ့သည်ဟု ဆိုနိုင်သော်လည်း ၄င်းအရပ်သားအစိုးရသည်  ဒီမိုကရေစီအနှစ်သာရများဖြစ်သော  လွတ်လပ်ရေး၊  တန်းတူရေးနှင့် ညီမျှရေးများ ကို ဦးစားမပေးခဲ့ဘဲ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်များပင် ဆိတ်သုဉ်းခဲ့ရသည်။  ရခိုင်စစ်ပွဲကိုဆင်နွှဲပြီး ယင်းစစ်ပွဲကို ဆင်နွှဲကြသော ဗမာ့တပ်မတော်သားများကို  ချီးကျူးဂုဏ်ပြုနေခဲ့သည်။ ရခိုင်ပြည်နယ်တွင် ပိတ်လှောင်ထားသော ဘင်္ဂါလီမူဆလင်ပြဿနာကို ယင်းအခြေခံဇစ်မြစ်အား ဖြေရှင်းရန်မကြိုးစားဘဲ ဗမာစစ် တပ်အားကိုးဖြင့် စစ်ဆင်ရေးဆင်နွှဲခဲ့သည်။ ယင်းကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲပြဿနာများ (ဥပမာ – ICJ) ကိုပါ အရပ်သားအစိုးရက တာဝန်ယူဖြေရှင်းခဲ့သည်။  ဖဆပလနှင့် ပထစခေတ်က လမ်းဟောင်း အတိုင်းပင် တိုင်းရင်းသားလူမျိုးများအရေး၌ ခေါင်းမာခဲ့သလောက် ဗမာစစ်တပ်ကို ချော့ပေါင်းရန်ကြိုးစား ခဲ့သည်။ သို့နှင့်ပင် ကလင်ဒါကျနိုင်ငံရေးဖြစ်ပေါ်မှုအတိုင်း  ၂၀၂၁  ခုနှစ်တွင် စစ်အာဏာသိမ်းမှုကို ကြုံတွေ့ခဲ့ရ ပြန်သည်။

ယနေ့အချိန်ထိ ဗမာစစ်တပ်သည် နိုင်ငံရေးအာဏာများကို ဝင်ရောက်စွက်ဖက်နေခြင်းအား စွန့်လွှတ် ကာ စစ်တပ်သည် အရပ်သားအစိုးရအောက်တွင်သာရှိရမည့် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အဖွဲ့အစည်း တစ်ခုသာလျှင်ဖြစ်သည်ဟူသည့် ဖွဲ့စည်းပုံမျိုးကို လက်မခံနိုင်ဘဲ စစ်တန်းလျားပြန်ရန်ကြောက်စိတ် လွှမ်းမိုးနေ တုန်းပင်ရှိသေးသည်။

အင်္ဂလိပ်များစုစည်းမိသော မြန်မာပြည်တွင် အင်္ဂလိပ်ကိုလိုနီစနစ် အသားကျ ပြီး နောက်ပိုင်း၌  ထွက်ပေါ်လာခဲ့သော ဗမာနိုင်ငံရေးသမားတို့သည် မြန်မာပြည်ကို အုပ်ချုပ်နေသည့် အင်္ဂလိပ် အုပ်ချုပ်ပုံကို ကောင်းစွာသဘောပေါက်ခဲ့ကြပုံရသည်။ တိုင်းရင်းသားလူမျိုးစုများ၏  သဘာဝသယံဇာတများ ကို ထုတ်ယူရောင်းချခြင်း၊ ယင်းတို့အား ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျအောင်  ပြုလုပ်ထားခြင်း၊  ခွဲခြားအုပ်ချုပ်ခြင်း စသည်တို့ကို နည်းနာများယူခဲ့ကြသည်ဟုပင် ဆိုနိုင်သည်။ 

            အမှန်စင်စစ်၌  ဖဆပလ ဗမာခေါင်းဆောင်များ၏ လက်သုံးစကားဖြစ်သော ” တိုင်းရင်းသား တန်းတူ ရေး ”    ” ဗမာ့ကျွန်မဖြစ်စေရ ”   ” ကိုယ်ပိုင်အုပ်ချုပ်ခွင့် ” စသည်တို့ကို အမှန်တကယ် ယင်းသဘောအတိုင်း ဖြစ်စေချင်ခဲ့မည်ဆိုလျှင် ဗမာအပါအဝင် ဌာနေလူမျိုးစုကြီးများအားလုံး တန်းတူသောပြည်နယ်များ ဖွဲ့စည်း  ခြင်း၊  ပြည်ထောင်စုအား တစ်ပြည်လုံးဆိုင်ရာ အာဏာများလွှဲအပ်ထားပြီး ကြွင်းကျန်သောအာဏာများကို ပြည်နယ်များက   ရယူခြင်း၊ ပြည်နယ်များသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိခြင်း စသည်တို့ ကို   ၁၉၄၇ အခြေခံဥပဒေ၌ ရှင်းလင်းပြတ်သားတိကျစွာ ပြဋ္ဌာန်းခဲ့မည်ဖြစ်သည်။

ဗမာတိုင်းရင်းသားပြည်နယ်အပါအဝင် တိုင်းရင်းသားပြည်နယ်များသည် ၄င်းတို့၏ ရေ၊ မြေနှင့် သဘာဝသယံဇာတများကို ပိုင်ဆိုင်ခွင့်၊ စီမံခွင့်ရှိရမည်။   ပြည်နယ်များသည် ယင်းတို့နှင့်စပ်လျဉ်းသော လုပ်ငန်းများကို ခွင့်ပြုခြင်း၊ ထိန်းချုပ်ခြင်း၊ အခွန်ဘဏ္ဍာ စည်းကြပ်ခြင်း၊ ရရှိသော အခွန်ဘဏ္ဍာနှင့်ဝင်ငွေများကို စုဆောင်းခြင်း၊ သုံးစွဲခြင်းတို့ကို ပြုလုပ်နိုင်ရမည်။ ယင်းတို့အထဲမှ ပြည်နယ်လွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် ပြည်ထောင်စု ရန်ပုံငွေသို့ မည်မျှထည့်ဝင်မည် ဆိုခြင်းသာ ရှိရပေမည်။

            ယင်းအချက်က ဗမာနိုင်ငံရေးခေါင်းဆောင်၊ ဗမာစစ်တပ်ခေါင်းဆောင် တို့သည်  တိုင်းရင်းသားလူမျိုး များပိုင်သော ရေ၊  မြေ နှင့် သဘာဝသယံဇာတများအား မည်မျှအထိမက်မောနေကြာင်း ၊ ယင်းတို့၏ ပင်ရင်းပိုင် ရှင်ဖြစ်လိုကြောင်း၊ ယင်းတို့အား လုပ်ချင်တိုင်းလုပ်ပိုင်ခွင့်ကို တရားဝင်ရလိုနေကြောင်း ထင်ရှားနေပေသည်။ ဖက်ဒရယ်မူစစ်စစ်ဖြစ်သော ပြည်ထောင်စုကို မဖွဲ့စည်းလိုခြင်း၊ ပြည်တွင်းစစ်ဖြစ်ရခြင်း၊ ဗမာစစ်တပ်အင်အား တည်ဆောက်ခြင်းနှင့်  အင်အားကြီးလာခြင်းတို့၏ အဓိကအကြောင်းရင်းတစ်ချက်လည်း ဖြစ်ပေသည်။  

အမှန်စင်စစ်၌ကား  ဗမာခေါင်းဆောင်များနှင့် ဗမာအစိုးရအဆက်ဆက်တို့သည် တိုင်းရင်းသားနယ်မြေ များနှင့် တိုင်းရင်းသားလူမျိုးများပိုင်သော သဘာဝသယံဇာတများအား လက်လွှတ်လိုက်ရမည်ကို ကြောက်စိတ် အထူးဝင်နေကြဆဲပင် ဖြစ်သည်။ သို့ဖြစ်၍  တိုင်းပြည်ကို ဗမာလူမျိုးတစ်မျိုးတည်းက အုပ်ချုပ်ခြင်းမျိုး မဟုတ် ဘဲ၊ ဗမာအများစုပါဝင်သော လွှတ်‌တော်များက ဗဟိုအစိုးရဖွဲ့စည်းခြင်းမျိုး မဟုတ်ဘဲ၊ ဗမာပြည်နယ် အပါအဝင် တန်းတူသော ပြည်နယ်များဖြင့်ဖွဲ့စည်းမည့် ပြည်ထောင်စုသည် အလှမ်းဝေးနေဆဲဖြစ်ကာ   ပြည်ထောင်စု အကျိုးစီးပွားဆိုသည်မှာလည်း စာအုပ်ထဲတွင် လက်ရေးလှ ရေးနေကြဆဲသာ ဖြစ်သည်။    

တိုင်း (၇) တိုင်းတွင် ဗမာအများစုနေသော မြို့နယ်အများအပြားဖွဲ့စည်းထားသည်ကို အကြောင်းပြု၍  ပြည်သူ့လွှတ်တော်ကို မြို့နယ်အခြေပြုကိုယ်စားလှယ်များ ဖြင့်ဖွဲ့စည်းသည် (ပုဒ်မ  ၁၀၉ – က)။ အမျိုးသား လွှတ်တော်တွင် တိုင်းဒေသတစ်ခုလျှင် (၁၂) ဦးနှုန်းဖြင့် ကိုယ်စားလှယ် (၈၄) ဦး ရယူထားသည် (ပုဒ်မ  ၁၄၁ – က)။ ဗမာစစ်တပ်က လွှတ်တော်နှစ်ရပ်ပေါင်း  (၁၆၆) ဦး ရယူထားသည် (ပုဒ်မ  ၁၀၉ – ခ)၊ (ပုဒ်မ ၁၄၁ – ခ)။ ယင်းသို့ ဗမာကိုယ်စားလှယ်များ အရေအတွက်အားသာမှုဖြင့် လွှတ်တော်နှစ်ရပ်ပေါင်းညီလာခံက နိုင်ငံတော် သမ္မတကို ရွေးချယ်သည် (ပုဒ်မ  ၆၀)။ နိုင်ငံတော်သမ္မတက ပြည်နယ်လွှတ်တော်များ၏ သဘောတူညီချက်ဖြင့် ပြည်နယ်ဝန်ကြီးချုပ်များကို ခန့်အပ်သည် (ပုဒ်မ  ၂၆၁)။ ပြည်နယ်ဝန်ကြီးချုပ်တင်သွင်းသော ပြည်နယ် ဝန်ကြီးများစာရင်းကို နိုင်ငံတော်သမ္မတက အတည်ပြုခန့်အပ်သည် (ပုဒ်မ  ၂၆၂)။  နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးများကို ခန့်အပ်သည် (ပုဒ်မ  ၂၃၂)( ကာကွယ်ရေး၊  ပြည်ထဲရေးနှင့် နယ်စပ်ရေးရာများ မှလွဲ၍ )။

            သို့ဖြစ်၍ လွှတ်တော်ထဲတွင် ကိုယ်စားလှယ်အရေအတွက် အားသာမှုကိုလည်းကောင်း၊   ယင်းအား သာချက်ဖြင့်    နိုင်ငံတော်သမ္မတကိုလည်းကောင်း၊ ယင်းအားသာချက်ဖြင့်   ဥပဒေပြုခြင်း၊  အခွန်ဘဏ္ဍာ ကောက်ခံခြင်းများကိုလည်းကောင်း၊     နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးများကိုခန့်အပ်၍  ဗဟိုအစိုးရ ဖွဲ့စည်းရန်လည်းကောင်း၊  နိုင်ငံတော်သမ္မတက တိုင်းရင်းသားလူမျိုးများကို အုပ်ချုပ်မည့် ဝန်ကြီးချုပ်များ ခန့်အပ်နိုင်ခွင့် ကိုလည်းကောင်း စသည်ဖြင့် အပိုင်ရယူထားသည်ကို တွေ့မြင်နိုင်သည်။  ဗမာအရပ်သားအစိုးရ ဖြစ်သည့် NLD အစိုးရပြင်ချင်သည်ဆိုသည့် ၂၀၀၈ ဖွဲ့စည်းပုံ၏ ပုဒ်မများထဲတွင် တိုင်းရင်းသားများကို ချုပ်ကိုင် ထားသည့် ပုဒ်မများ မပါဝင်ပေ။ ၎င်းပြင် ၎င်းပုဒ်မများကိုပင် ထိရောက်စွာ အသုံးချခဲ့သေးသည်။

ဗမာခေါင်းဆောင်များသည် ဗမာများက တိုင်းရင်းသားလူမျိုးများအား စိုးမိုး အုပ်ချုပ်နိုင်ရန်အတွက် မိမိအင်အားကို ကြီးထွားအောင်လုပ်ပြီး  တိုင်းရင်းသားလူမျိုးများ၏ အင်အားကို အားနည်းအောင်ပြုလုပ်ရမည်ကို ကောင်းစွာသဘောပေါက်ခဲ့ကြသည်။ 

            ဗမာဘုရင်တို့သည် ယိုးဒယားကိုတိုက်ခိုက်၍ စစ်သုံ့ပန်း သိန်းချီဖမ်းခေါ်လာခဲ့ဖူးသည်ဟုဆိုသည်။  ရခိုင်ပြည်ကို ကျူးကျော်တိုက်ခိုက်ပြီးသည့်အခါတွင်လည်း စစ်သုံ့ပန်းများ သိန်းချီ၍  ဖမ်းခေါ်သွားကြောင်း သမိုင်းမှတ်တမ်းများတွင် တွေ့ရသည်။ ယင်းတို့သည် မိမိတို့ကျူးကျော်သိမ်းပိုက်လိုက်သော လူမျိုးများကို အင်အားနည်းစေရန်ရည်ရွယ်သည်ဟု သုံးသပ်ကြည့်နိုင်သည်။

       လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း ဗမာအစိုးရအဆက်ဆက်သည်  တိုင်းရင်းသားလူမျိုးများ အား  ဖွံ့ဖြိုးတိုးတက်အောင် လုပ်မပေးခဲ့ကြချေ။ သို့ရာတွင် တစ်ချိန်တည်းမှာပင် ဗမာပြည် ဧရာဝတီမြစ်ဝှမ်း ဒေသအား   အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းခဲ့ကြသည်။  တိုင်းရင်းသားလူမျိုးများဒေသမှ ရရှိ သော အခွန်ဘဏ္ဍာများဖြင့် ဗမာပြည်မဟူ၍ ဖန်တီးကာ စည်ပင်အောင် လုပ်ခဲ့ကြသည်ဟုလည်း ဆိုနိုင်သည်။ 

သို့ဖြစ်ရာ ပထမအကျိုးဆက်အနေဖြင့် တိုင်းရင်းသားလူမျိုးများက ဗမာပြည်မနှင့် ဗမာလူမျိုးများအား အထင်ကြီးစေရန်ဖြစ်သည်။ ဒုတိယအကျိုးဆက်မှာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစရှိသည်များတွင် ကြီးပွားတိုးတက်လိုလျှင် ဗမာပြည်မသို့ သွားရောက်ရမည်ဖြစ်သည်။ တတိယအကျိုးဆက်မှာ ဗမာပြည်မ၏ လူဦးရေ များပြားလာမည်၊  ပိုပြီးပြည့်စုံလာမည်။ တိုင်းရင်းသားလူမျိုးများသည် ဗမာပြည်မတွင် သွေးနှောကုန် ကြမည်။ တိုင်းရင်းသားလူမျိုးများသည် ဗမာပြည်မတွင်နေထိုင်ကာ မိမိတို့လူမျိုးဒေသမှ သွေးချင်းများအား အမြင်ကျဉ်းအစွန်းရောက်သူများဟုလည်းကောင်း၊  မိမိတို့ကိုယ်မိမိ  အမြင်ကျယ်၍ လစ်ဘရယ်ကျသူများဟု လည်းကောင်း  ထင်မြင်ကာ ဗမာများနှင့် အလွမ်းသင့်အောင် ပေါင်းစည်းရေးဝါဒီများ ဖြစ်လာကြပေမည်။  
            အင်္ဂလိပ်ကိုလိုနီခေတ်တွင် ဝံသာနုအသင်းအဖွဲ့များ ဖွဲ့စည်းကြစဉ်က သော်လည်းကောင်း၊  ဂျပန် တော်လှန်ရေးပြုလုပ်စဉ်က သော်လည်းကောင်း၊ ဖဆပလ၊ NLD စသည့် နိုင်ငံရေးအဖွဲ့အစည်းများသည် လည်း ကောင်း၊ ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော် အစရှိသည့် အဖွဲ့အစည်းများသည်လည်းကောင်း  ဗမာပြည်မကို အခြေပြုကာ တိုင်းရင်းသားလူမျိုးများ၏ နယ်မြေများသို့ ထိုးဖောက်ဝင်ရောက်ခဲ့ကြသည်။ သို့ဖြင့် ယင်းဗမာ အဖွဲ့အစည်းများ အင်အားကောင်းလာသည်။   

သို့ဖြင့်လျှင် တိုင်းရင်းသားလူမျိုးများ၏ အဖွဲ့အစည်းများကို အင်အားနည်းစေသည်။ အကွဲအပြဲကို ဖြစ်ပေါ်စေသည်။ တိုင်းရင်းသားလူမျိုးနယ်မြေများတွင်လည်း ဒေသအလိုက်သွေးကွဲကြစေရန် ဗမာအစိုးရနှင့် ဗမာနိုင်ငံရေးပါတီများက ဘတ်ဂျက်အရသော်လည်းကောင်း၊  ရာထူးအရသော်လည်းကောင်း၊  အယူဝါဒအရ သော်လည်းကောင်း၊   ယုံကြည်မှုအရသော်လည်းကောင်း   ကြိုးပမ်းနိုင်သည်။   တိုင်းရင်းသား နိုင်ငံရေးပါတီ များနှင့် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း ယင်းကဲ့သို့သော နည်းလမ်းများ ဖြင့် အင်အားချည့်နဲ့စေရန်၊ စုစည်းမှုပြိုကွဲစေရန် လုပ်နိုင်သည်။ ဒေသတွင်း ယုံကြည်ကိုးကွယ်ရာ ဘာသာချင်း မတူညီမှုနှင့် လူမျိုးရေးမတူညီမှုများကို အကြောင်းပြု၍  ပဋိပက္ခများ ဖြစ်ပေါ်စေရန် တွန်းအားပေးခြင်းဖြင့် တိုင်းရင်းသားလူမျိုးနယ်မြေများကို မတည်မငြိမ်ဖြစ်စေရန်နှင့် ယင်းကြောင့်   ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျစေရန် လုပ်ဆောင်နိုင်သည်။ 

            ဗမာတို့သည် တိုင်းရင်းသားလူမျိုးစုများ အင်အားကြီးလာမည်ကို ကြောက်သည်။  တစ်စုတစ်စည်း တည်း ဖြစ်သွားမည်ကို ကြောက်သည်။ သီးခြားဖြစ်တည်သွားမည်ကို ကြောက်သည်။ ဖွံ့ဖြိုးတိုးတက်သွား မည်ကို ကြောက်သည်။  ဗမာ့ခေါင်းဆောင် အဆက်ဆက်၏ ရည်မှန်းချက်တစ်ခုမှာ တစ်ချိန်ချိန်၌  မြန်မာပြည်ရှိ အခြားတိုင်းရင်းသားလူမျိုးစုများ  တဖြည်းဖြည်း အင်အားလျော့နည်းပျောက်ကွယ်ကာ ဗမာလူမျိုးကြီးတစ်မျိုး တည်း ဖြစ်သွားစေရန်ဟုပင် ယူဆနိုင်သည်။ 

            သို့ရာတွင် မမှန်ကန်သော ယင်းနည်းလမ်းများကြောင့် တိုင်းရင်းသားများသည် ပို၍စုစည်းလာကြ သည်။ ပို၍ သတိထားလာကြသည်။ မြေအောက်တော်လှန်ရေးအင်အားစုများ၊ မြေပေါ်နိုင်ငံရေးအင်အားစုများ သည် ပို၍ အင်အားကြီးထွားလာကြသည်။ ဗမာအုပ်ချုပ်သူများ၏ ယင်းကြောက်စိတ်သည် တိုင်းရင်းသားများ ကို ၎င်းတို့အလိုအတိုင်း မဖြစ်နိုင်စေရုံမက ဆန့်ကျင်ဖက်ရလဒ်များကိုသာ ဖြစ်ထွန်းစေခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

No Content Available
Categories

Related Posts

No Content Available